ရေယာဉ်/ တွဲယာဉ်ဟောင်း (၄၉) စီးကို တစ်စီးခြင်း အစင်းလိုက် စနစ်ဖြင့် အိတ်ဖွင့် လေလံပွဲ ကျင်းပ

ပို့​ဆောင်​​ရေးနှင့် ဆက်​သွယ်​​ရေး ဝန်​ကြီးဌာန၊ ပြည်​တွင်း​ရေ​ကြောင်း ပို့​ဆောင်​​ရေးတွင်​ ကြာရှည်​ ရပ်​နားထားပြီး ပြန်​လည် ​ပြုပြင်​ သုံစွဲရန်​ မသင့်လျော်​​တော့သည့် ​ရေယာဉ်​/ တွဲယာဉ်​​ဟောင်း (၄၉) စီးကို တစ်​စီးခြင်း အစင်းလိုက်​စနစ်​ဖြင့် မျက်​မြင်​ အ​ခြေအ​နေအတိုင်း ​လေလံတင် ​​ရောင်းချမည့် အိတ်​ဖွင့် ​လေလံ ဖွင့်ပွဲကို (၂၇.၂.၂၀၁၈) ရက်​​နေ့ (၁၀:ဝ၀) နာရီ အချိန်​တွင်​ ပြည်​တွင်း​ရေ​ကြောင်း ပို့​ဆောင်​​ရေး (ရုံးချုပ်​) ကွပ်​ကဲ ခန်းမတွင်​ ကျင်းပ ပြုလုပ်​ရာ ဦး​ဆောင်​ ညွှန်​ကြား​ရေးမှူး ဦး​ဇော်​ဝင်း၊ အ​ထွေ​ထွေ မန်​​နေဂျာ ဦး​ဌေး​အောင်​နှင့် ​လေလံတင် ​ထုခွဲ ​ရောင်းချ​ရေး ​ကော်​မီတီ အဖွဲ့ဝင်​များ၊ အိတ်​ဖွင့် လေလံ ဝင်​​ရောက်​ ယှဉ်​ပြိုင်​ကြသူများ တက်​​ရောက်​ကြပါသည်​။