ရေယာဉ်စုအင်ဂျင်နီယာဌာနခွဲ

ရေယာဉ်စု အင်ဂျင်နီယာ ဌာနခွဲသည် ရေယာဉ်တွင် တပ်ဆင်ထားသည့် စက်ခန်းအား ကွပ်ကဲ ထိန်းသိမ်းရန်၊ မောင်းနှင်ရန်နှင့် လိုအပ်သော ပျက်ဆီး ချွတ်ယွင်းမှုများကို သင်္ဘောကျင်းများနှင့် ဆက်သွယ် ပြုပြင်ရန် ခန့်ထားသည့် သင်္ဘောသားများအား စီမံ ကွပ်ကဲရန် ဖွဲ့စည်းထားခဲ့သော ဌာနခွဲ တစ်ခု ဖြစ်ပါသည်။ ဧရာဝတီ ဖလိုတီလာ ကုမ္ပဏီ မှ မြန်မာနိုင်ငံတွင် ရေယာဉ်များ စတင် ပြေးဆွဲချိန်မှ စတင် ပေါ်ပေါက်ခဲ့သည်။