အဓိကဆောင်ရွက်ပေးရသည့် လုပ်ငန်းများနှင့် ရေယာဉ်အင်အား

ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးသည် နိုင်ငံပိုင် စီးပွားရေး အဖွဲ့အစည်း တစ်ခု ဖြစ်ပြီး အဓိက ဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းများမှာ-

  • မြန်မာနိုင်ငံအတွင်း ရေယာဉ်များ သွားလာနိုင်သည့် မြစ်ကြီးများ ဖြစ်သည့် ဧရာဝတီမြစ်၊ ချင်းတွင်းမြစ် ၊မြစ်ဝကျွန်းပေါ် ဒေသများ၊ ရခိုင်၊ မွန်နှင့် ကရင်ပြည်နယ်ရှိ မြစ်ကြောင်းများတွင် ခရီးသည်နှင့် ကုန်စည်များ သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း။
  • ခရီးသည်နှင့် မော်တော်ယာဉ်များ သွားလာမှု အဆင်ပြေစေရေး အတွက် ကူးတို့လမ်းများ ပြေးဆွဲခြင်း တို့ ဖြစ်ပါသည်။
     

အများပြည်သူသယ်ယူပို့ဆောင်ပေးနိုင်မှုအခြေအနေ

        ပြည်တွင်းရေကြောင်းပို့ဆောင်ရေးအနေဖြင့် ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်မြို့ တဖက်ကမ်းရှိ ဒလမြို့နယ်တို့မှ ပြည်သူလူထုများရန်ကုန်မြို့သို့ လုံခြုံချောမွေ့စွာ ကူးသန်း သွားလာနိုင်ရေးတွက် ရန်ကုန်-ဒလ ရေယာဉ် ကူးတို့လမ်းအား ဂျပန်နိုင်ငံမှလှူဒါန်းထားသည့် ချယ်ရီအမျိုးအစားရေယာဉ် သစ်များဖြင့် တစ်ရက်လျှင် အခေါက်အရေ ၄၁ ခေါက် ပြေးဆွဲ ပေးလျက်ရှိပါသည်။


ရေယာဉ်အင်အားစာရင်း (၁.၇.၂၀၂၆)

စက်ရှိရေယာဉ်၁၁၅ စီး
စက်မဲ့ရေယာဉ် ၆၂ စီး
ဆိပ်ခံ၃၁ စီး
စုစုပေါင်း၂၀၈ စီး

ကွန်တိန်နာသယ်ယူပို့ဆောင်မှု အခြေအနေ

       ပြည်တွင်းရေကြောင်းပို့ဆောင်ရေးအနေဖြင့် ရန်ကုန်မြို့တွင်း ယာဉ်ကြောကြပ်တည်းမှုလျော့ချ နိုင်ရေးနှင့် ပို့ကုန် ၊ သွင်းကုန် ကုန်စည်များစီးဆင်းမှုလျင်မြန်စေရေးနှင့် ကုန်ပစ္စည်းသယ်ယူပို့ဆောင် စရိတ်များကို အထောက်အကူဖြစ်စေရန် ရည်ရွယ်၍  ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်မှ စတင်ပြီး ဌာနပိုင်  ကွန်တိန်နာတင်ရေယာဉ် ၊ တွဲယာဉ်များဖြင့် ရန်ကုန်မြစ်တွင်း သီလဝါဆိပ်ကမ်းမှ ရွှေပြည်သာမြို့နယ်ရှိဆိပ်ကမ်းများ ၊ လှိုင်သာယာမြို့နယ်များရှိဆိပ်ကမ်းများ၊ ဆူးလေဆိပ်ကမ်း၊ အလုံမြို့နယ်ရှိ အေးရှားဝေါလ်ဆိပ်ကမ်းများသို့ ပေ ၂၀ ၊ ပေ ၄၀  အရွယ်အစားရှိသော ကွန်တိန်နာ သေတ္တာများကို သယ်ယူပို့ဆောင်‌ပေးသည့် လုပ်ငန်းဆောင်ရွက်လျက်ရှိပါသည်။

 

ကမ်းရိုးတန်းသွား ကုန်တင်ရေယာဉ် ပြေးဆွဲမှုအခြေအနေ

နယ်စပ်ကုန်သွယ်ရေး ( Border Trade)များအနေဖြင့် နယ်စပ်ဝင်ပေါက်များတွင် လက်ရှိ   ဖြစ်ပေါ်နေသော အခြေအနေများအပေါ်မူတည်၍ ကုန်စည်စီးဆင်မှုနည်းပါးလာခဲ့ပြီး ရေလမ်းခရီးလမ်းမှ ကုန်စည်များစီးဆင်းမှုပိုမိုများလာသဖြင့် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဌာနအနေဖြင့်      မြစ်တွင်းသွားခရီးသည်နှင့်ကုန်စည်ပို့ဆောင်ရေးမှ ကမ်းရိုးတန်းသွားရေကြောင်း သယ်ယူပို့ ဆောင်ရေး(Coastal Transportation)အဖြစ် ပြောင်းလဲပြေးဆွဲနိုင်ရန်စီမံခဲ့ပါသည်။

ဌာနပိုင်ဇက်-၃၀၁ ကမ်းထိုးရေယာဉ်အား ကမ်းရိုးတန်းသွား ကုန်တင်ရေယာဉ်အဖြစ် ပြုပြင်၍   Renovate-Operate-Transfer (ROT) စနစ်ဖြင့် ပုဂ္ဂလိကနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ပြီး ရန်ကုန် - ကော့သောင်း - ရနောင်း ခရီးစဉ်ကို ပြေးဆွဲလျက်ရှိပြီး ထပ်မံ၍ ကမ်းရိုးတန်းသွားကုန်တင်  ရေယာဉ်များဝယ်ယူပြီး  ပြေးဆွဲသွားရန် စီမံဆောင်ရွက်လျက်ရှိပါသည်။

ရေယာဉ်/တွဲယာဉ် အားလုံးဖြင့် တစ်ကြိမ်တွင် တင်ဆောင်နိုင် စွမ်းအား

(က)ကုန်တန်ချိန်၆၆၀၅၀တန်
( ခ )- ခရီးသည် (ခရီးတို)၅၃၆၆၆ဦး
 - ခရီးသည် (ခရီးရှည်)၃၆၂၇၁ဦး

တစ်နှစ်လျှင် ပျမ်းမျှ ခရီးသည် (၁၉) သန်းကျော်၊ ကုန်တန်ချိန် (၃) သန်းကျော် ပို့ဆောင်ပေးနိုင်ပါသည်။

ဌာနခွဲ (၆)ခု၏ ခရီးသည်/ကုန်တင် ခရီးလမ်း မိုင်ပေါင်း

စဉ်ဌာနခွဲခရီးလမ်းမိုင်ပေါင်း
(က)ကုန်ပို့ဆောင်ရေးဌာနခွဲ၁၃၂၆မိုင်
( ခ)မြစ်ဝကျွန်းပေါ်ဌာနခွဲ၂၆၃မိုင်
( ဂ)ဧရာဝတီဌာနခွဲ၆၀၉မိုင်
(ဃ)ချင်းတွင်းဌာနခွဲ၄၅၄မိုင်
( င)သံလွင်ဌာနခွဲမိုင်
( စ)ရခိုင်ဌာနခွဲ၃၀၄မိုင်
စုစုပေါင်း၂၉၅၆မိုင်

ပြည်တွင်းရေကြောင်းပို့ဆောင်ရေးက ပြေးဆွဲနေသော ရေယာဉ် ခရီးလမ်းများ

စဉ်

ဌာနခွဲ

အမြန်လမ်း

ရက်မှန်လမ်း

ကူးတို့လမ်း

မြစ်တွင်း အပျော်စီးလမ်း

ပေါင်း

(က)

မြစ်ဝကျွန်းပေါ်ဌာနခွဲ

-

-

( )

ဧရာဝတီဌာနခွဲ

-

-

-

-

-

( )

ချင်းတွင်းဌာနခွဲ

-

-

-

-

-

()

သံလွင်ဌာနခွဲ

-

-

-

-

-

( )

ရခိုင်ဌာနခွဲ

-

-

-

-

-

( )

ကုန်ပို့ဆောင်ရေးဌာနခွဲ

-

-

-

-

-

စုစုပေါင်း

-

-