ဌာန၏အကြောင်း

ပြည်တွင်းရေကြောင်းပို့ဆောင်ရေး

Ministry of Inland Water Transport

( ၁၉၃၃ ခုနှစ်မှ တည်ဆောက်ခဲ့သည့် ရှေးဟောင်းအမွေအနှစ် အဆောက်အဦးတစ်ခုဖြစ်ပါသည်။)

ပြည်တွင်းရေကြောင်းပို့ဆောင်ရေးသည် ၁၈၆၅ ခုနှစ်မှ စတင် ဖွဲ့စည်းဆောင်ရွက်ခဲ့သည့် အဖွဲ့အစည်းဖြစ်ပြီး ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေးနှင့် ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စေရေး အတွက် သယ်ယူပို့ဆောင်မှု လုပ်ငန်းများ ကိုဆောင်ရွက်လျက် ရှိပါသည်။ ယခုအခါ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန လက်အောက်ရှိ နိုင်ငံပိုင် သယ်ယူပို့ဆောင်ရေး အဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်ဆောင်ရွက်လျက် ရှိပါသည်။

ရည်မှန်းချက်ဆောင်ပုဒ်

ဌာန၏ ရည်မှန်းချက်ဆောင်ပုဒ်မှာ

  • ရေယာဉ် နှင့် ခရီးသည် အန္တရာယ်ကင်းရှင်းရေး (Safety)
  • လုပ်ငန်းစွမ်းဆောင်မှုအပြည့်အဝပေးရေး (Service)
  • လုပ်ငန်းခွင်အသွင်အပြင်ကောင်းမွန်ရေး (Image)တို့ ဖြစ်ပါသည်။

ဌာနအလံ

ဌာန၏အလံမှာ အစိမ်း၊ အဝါ၊ အပြာဖြစ်သော (၃)ရောင်ခြယ် အလံဖြစ်ပါသည်။ အစိမ်းရောင်သည်မြန်မာနိုင်ငံရှိ သစ်တောနှင့် ကုန်းမြေများကို ကိုယ်စားပြုပါသည်။ အဝါရောင် မှာမြန်မာနိုင်ငံမှ ထွက်ရှိသော စပါးအပါအဝင် သီးနှံများကို ကိုယ်စားပြု၍၊ အပြာရောင် မှာမြန်မာနိုင်ငံရှိမြစ်ချောင်း အင်းအိုင်ပင်လယ်ကို ကိုယ်စားပြုထားခြင်းဖြစ် ပါသည်။ အလံ၏အချိုးအစားဖြစ်သည့် အနံနှင့် အလျားကို (၁:၁.၂၅)ဖြင့် သတ်မှတ်ထားပါသည်။

IWT

ဌာနအမှတ်အသား

ဌာန၏အမှတ်အသားကို ဟင်္သာငှက်ဖြင့်ပြသထားပါသည်။ ဟင်္သာငှက်၏ အနေအထားမှာအောက်ပါအတိုင်းဖြစ်ပါသည်။

iwt

ရေယာဉ်များ၏ ခေါင်းတိုင်သတ်မှတ်ချက်

ပြည်တွင်းရေကြောင်းပို့ဆောင်ရေးရေယာဉ်များ၏ ခေါင်းတိုင်များအား အနက်၊ အနီ၊ အနက် (၃)ဆင့် ဖြင့်အောက်ပါအတိုင်း အမှတ်အသားပြုပါသည်။

water transport