ကုန်ပို့ဆောင်ရေးဌာနခွဲ

Cargo Division

(၂၀ဝ၃) ခုနှစ် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၏ ဖွဲ့စည်းပုံကို ပြန်လည် ပြင်ဆင် ဖွဲ့စည်းသည့်အခါ ကုန်စည် ပို့ဆောင်မှုလုပ်ငန်းကို ထိရောက်စွာ အကောင် အထည်ဖော် နိုင်ရန် အတွက် ယခင် သယ်ယူ ပို့ဆောင်ရေးဌာန လက်အောက်ရှိ ကုန် ပို့ဆောင်ရေး ဌာနခွဲကို ကုန်စည် ပို့ဆောင်ရေးဌာန အဖြစ် တိုးချဲ့ ပြင်ဆင် ဖွဲ့စည်းပြီး ဆောင်ရွက်ခဲ့ပါသည်။ ယင်းဌာန၏ လက်အောက်တွင် ကုန်စည် ပို့ဆောင်သည့် လုပ်ငန်းနှင့် ရေယာဉ်များကို အနီးကပ် စီမံခန့်ခွဲရန် ကုန် ပို့ဆောင်ရေး ဌာနခွဲကို ရန်ကုန်၊ ဘိုတထောင် ဆိပ်ကမ်းတွင် ဌာနခွဲရုံး ဖွဲ့စည်းပြီး လုပ်ငန်းများ ဆောင်ရွက်လျှက်ရှိပါသည်။
 

(က)

တည်နေရာ

ကုန်ပို့ဆောင်ရေးဌာနခွဲ၊ ဂိုဒေါင်အမှတ် (၅၂) လမ်းသစ်တံတားအနီး၊ မော်တင်ဆိပ်၊ ဆိပ်ကမ်းမြို့နယ်၊ ရန်ကုန်မြို့၊

(ခ)

လုပ်ငန်းဒေအကျယ်အဝန်း

ရန်ကုန်မြို့မှ မြစ်ဝကျွန်းပေါ်ဒေသနှင့် ဧရာဝတီမြစ်မကြီးတစ်လျှောက်၊ ဗန်းမော်မြို့ အထိ၊ချင်းတွင်းမြစ်တွင်မုံရွာမြို့မှ ခန္တီမြို့အထိ၊ ပြေးဆွဲသည့် ရေလမ်းမိုင်ပေါင်း (၁၃၉၆) မိုင်ခန့်

(ဂ)

အသုံးပြုရေယာဉ်  

စက်ရှိ(၇၄)စီး၊ စက်မဲ့(၁၂၈)စီး

(ဃ)

လုပ်ငန်း

ကုန်ပို့ဆောင်ရေးဌာနခွဲတွင် စီမံကိန်းဝင်ကုန်ပစ္စည်းများ၊ ခရီးသည်နှင့် အထွေ‌ထွေ ကုန်များ သယ်ဆောင်ပေးခြင်း၊ ဌားရမ်းလမ်း (၁)လမ်းနှင့်၊ အခြားခရီးလမ်း (၁၁) လမ်း၊ ခရီးလမ်းပေါင်း (၁၂)လမ်းဖြင့် စီမံဆောင်ရွက်လျက် ရှိပါသည်။

Cargo Division

Cargo Division

Cargo Division

Cargo Division