ဆေးဌာနခွဲ

  • ပြည်တွင်းရေကြောင်းပို့ဆောင်ရေးတွင်ရှိ ဝန်ထမ်းများ၏ ကျန်းမာရေးကိုစောင့်ရှောက် ရန်ဆေးဌာနခွဲ ဖွဲ့စည်းထား ရှိပါသည် ။ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ရုံးချုပ်နှင့် သင်္ဘောကျင်း များ တွင်ဆေးခန်းများ ဖွင့်လှစ်ထားရှိပြီး ဝန်ထမ်းများနှင့် မိသားစုများ အားပြင်ပလူနာဌာန အနေဖြင့်ဆေးဝါး ကုသပေးလျှက် ရှိပါသည်။ ဆရာဝန်၊ သူနာပြုနှင့်ဆေးစပ် ဝန်ထမ်းများမှာ ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများဖြစ်ကြပြီး ကျန်းမာရေး ဦးစီးဌာန၏ အစီအစဉ်အရ ခန့်ထားခြင်း၊ ပြောင်းရွှေ့ခြင်းဆောင်ရွက် ပါသည်။ဆေးဌာနခွဲတွင် ဆရာဝန်ကြီး(၁)ဦးနှင့် လက်ထောက်ဆရာဝန် (၃)ဦး၊ သူနာပြု (၅)ဦးနှင့် အထောက်အကူပြု ဝန်ထမ်းများအပါအဝင် စုစုပေါင်း (၁၄)ဦး တာဝန်ထမ်းဆောင် လျှက်ရှိပါသည်။
  • ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစု များအားပြင်ပလူနာဌာန အနေဖြင့်ဆေးဝါး ကုသပေးမှုအပြင် လိုအပ်ပါက အလုပ်သမားဆေးရုံကြီးနှင့် သက်ဆိုင်ရာပြည်သူ့ဆေးရုံကြီးများသို့ ပို့ဆောင်ပေးခြင်း ၊ပြည်တွင်းရေကြောင်းပို့ဆောင်ရေးတွင် တာဝန်ထမ်းဆောင်မည့်သူများ၏ ကျန်းမာရေးဆေး စစ်ပေးခြင်း၊ ဝန်ထမ်းများ၏ ကျန်းမာရေးအခြေ အနေ အရဆေးခွင့်ပေးရန် ၊ဆေးပင်စင် ခံစားခွင့်ပြုရန် လိုအပ်ပါကဆေး စစ်၍ထောက်ခံ တင်ပြခြင်း၊ ဌာနဆိုင်ရာ သင်တန်းများတွင် ကျန်းမာရေးဆိုင်ရာ ပညာပေးမှုများပို့ချ‌ပေးရန် ဌာနအကြီးအကဲက တာဝန်ပေးသည့် အခါဟောပြော ပို့ချပေးခြင်း တို့ကို ဆောင်ရွက်လျှက် ရှိပါသည်။​