ဘဏ္ဍာရေးဌာနခွဲ

ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေးတွင် ငွေစာရင်း ထားသိုပုံ စနစ်မှာ ဌာနခွဲစာရင်း ဖြစ်ပါသည်။ စနစ်အရ ရုံးချုပ်၊ ရေကြောင်းဌာန၊ သယ်ယူ ပို့ဆောင်ရေး ဌာန လက်အောက်ရှိ ဌာနခွဲ (၆) ခု၊ အင်ဂျင်နီယာဌာန လက်အောက်ရှိ သင်္ဘောကျင်း (၅) ခု၊ ရေယာဉ်စု အင်ဂျင်နီယာ၊ စက်ပြင် ဌာနခွဲဟူ၍ ဌာနခွဲ (၁၂) ခုမှ ဝင်ငွေ၊ အသုံးစရိတ်၊ အရှုံးအမြတ် စာရင်းနှင့် လက်ကျန် ရှင်းတမ်းကို ရေးဆွဲပါသည်။ ရုံးချုပ် ငွေစာရင်းဌာနမှ ဌာနခွဲအလိုက် စာရင်းများကို စုစည်း၍ ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေး၏ တစု တပေါင်းတည်းသော အရှုံးအမြတ် စာရင်းနှင့်  လက်ကျန် ရှင်းတမ်း (Consolidated Profit &  Account & Balance Sheet ) ကို ရေးဆွဲပါသည်။