ပြည်တွင်းရေကြောင်းပို့ဆောင်ရေး နည်းဥပဒေများ

ပို့ဆောင်ရေ:နှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး နည်းဥပဒေများ ထုတ်ပြန်

နေပြည်တော်၊ ၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီ ၂၅။

၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၄ ရက် (ကြာသပတေးနေ့) တွင် ကျင်းပ ပြုလုပ်ခဲ့သော ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၃/၂၀၁၉) ၏ သဘောတူညီချက် အရ ပို့ဆောင်ရေ:နှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၏ ၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့ ရက်စွဲပါ အမိန့် ကြော်ငြာစာ အမှတ် (၄၉/၂၀၁၉) ဖြင့် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး နည်းဥပဒေများကို ထုတ်ပြန် ပါသည်။