ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ ကျောက်တော်-ပလက်ဝ ခရီးလမ်းအား အပါတ်စဉ် ပြေးဆွဲခြင်း

  • ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊  ရခိုင်ဌာနခွဲသည်  ရခိုင်ပြည်နယ်နှင့်  ချင်းပြည်နယ်ဒေသအတွင်းရှိ ပြည်သူများ ခရီးသွားလာမှုအဆင်ပြေချောမွေ့စေရေး၊  ကုန်စည်စီးဆင်းမှု  မှန်ကန်မြန်ဆန်စေရေး၊  သယ်ယူပို့ဆောင်စရိတ်ကြောင့် ကုန်ဈေးနှုန်းကြီးမြင့်မှု  မရှိစေရေးတို့အတွက်  ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျှက်ရှိရာ   ကျောက်တော်-ပလက်ဝ ခရီးလမ်းအား  ရေနယား-၁ ရေယာဉ်ဖြင့် (၂၄-၁၂-၂၀၂၁) ရက်နေ့မှစ၍ အပတ်စဉ် (အင်္ဂါ၊ သောကြာ) နေ့ရက်များတွင် ပြေးဆွဲလျက်ရှိပါသည်။
  • ရေယာဉ်ထွက်ခွါချိန်များအနေဖြင့် ကျောက်တော်မြို့မှ (၀၇:၀၀)အချိန် ထွက်ခွာပြီး၊ (၁၅:၀၀) အချိန်  ပလက်ဝမြို့သို့ ရောက်ရှိပြီး  ညအိပ်ရပ်နားမည်ဖြစ်ပါသည်။ အပြန်ခရီးစဉ်အား (ဗုဒ္ဓဟူး၊ စနေ) နေ့တိုင်း ပလက်ဝမြို့မှ  (၀၇:၀၀) အချိန် ထွက်ခွာပြီး (၁၅:၀၀) အချိန် ကျောက်တော်မြို့သို့ ရောက်ရှိမည်ဖြစ်ပါသည်။
  •  ရေယာဉ် အခနှုန်းထားအနေဖြင့်  ခရီးသည် တစ်ဦးလျှင် (၁၈၀၀/-)ကျပ်နှုန်းနှင့်ကုန်တစ်တန်လျှင် (၁၁၂၀၀/-) ကျပ်နှုန်း ဖြစ်ပါသည်။
YayNaYar1
ကျောက်တော်-ပလက်ဝ ခရီးလမ်းသွား ရေနယား-၁ ရေယာဉ်ပုံ