၂၀၁၈-၂၀၁၉ ဘဏ္ဍာရေး နှစ်တွင် အသုံးပြုရန် လိုအပ်သော လုပ်ငန်းသုံး ပစ္စည်းများ ဝယ်ယူရန် အိတ်ဖွင့်တင်ဒါ အပြိုင် ဈေးနှုန်းလွှာ စိစစ်ပွဲ ကျင်းပ

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေး နှစ်တွင် အသုံးပြုရန် လိုအပ်သော လုပ်ငန်းသုံး ပစ္စည်းများကို သာမန် အသုံးစရိတ်၊ ငွေလုံး ငွေရင်း အသုံးစရိတ် (မြန်မာကျပ်ငွေ) တို့ဖြင့် ဝယ်ယူရန် အိတ်ဖွင့် တင်ဒါ အပြိုင် ဈေးနှုန်းလွှာ စိစစ်ပွဲကို (၆.၁၁.၂၀၁၈) ရက်​​နေ့ (၁၀:၀၀) နာရီ အချိန်​တွင်​ ပြည်​တွင်း​ရေ​ကြောင်း ပို့​ဆောင်​​ရေး (ရုံးချုပ်​) ကွပ်​ကဲခန်းမတွင်​ ကျင်းပ ပြုလုပ်​ရာ ပြည်​တွင်း​ရေ​ကြောင်း ပို့​ဆောင်​​ရေး ဦးဆောင် ညွှန်ကြားရေးမှူး ဦးဇော်ဝင်း၊ လေ့လာသူများအနေဖြင့် ဒဂုံဆိပ်ကမ်း မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးမြစိန် နှင့် ကျောက်တံတား မဲဆန္ဒနယ်မှ  တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်ကြည်ပြာ၊ တင်ဒါ လက်ခံရေးနှင့် စိစစ်ရေး ကော်မတီဝင်များ ဖြစ်ကြသည့် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၊ မြန်မာ့ ဆိပ်ကမ်း အာဏာပိုင်၊ ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြား မှုဦးစီးဌာန နှင့် မြန်မာ့ သင်္ဘောကျင်း လုပ်ငန်း ဌာနများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ အိတ်ဖွင့် တင်ဒါ အပြိုင်ဈေးနှုန်းလွှာ ဝင်​​ရောက် ​ယှဉ်​ပြိုင်​ကြသူများ တက်​​ရောက်​ကြပါသည်​။ အဆိုပါ အိတ်ဖွင့် တင်ဒါ အပြိုင် ဈေးနှုန်းလွှာ စိစစ်ပွဲကို (၆.၁၁.၂၀၁၈) ရက်နေ့နှင့် (၉.၁၁.၂၀၁၈) ရက် နေ့တို့တွင် ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။
 

tender

 

tender