ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး အဖွဲ့ ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်၏ အဆုံးအဖြတ် ရယူ

ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး အဖွဲ့ ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်၏ အဆုံးအဖြတ် ရယူ

၁၄-၁၂-၂၀၁၆ ရက်(ဗုဒ္ဓဟူးနေ့) တွင် ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယ ပုံမှန် အစည်းအဝေး (၁၄) ရက်မြောက်နေ့တွင် "အမျိုးသား လွှတ်တော်တွင် စတင် တင်သွင်းပြီး၊ ပြင်ဆင်ချက်မရှိ အတည်ပြုပေးပို့ လာသော ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး အဖွဲ့ ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်း" ကို ပြည်သူ့လွှတ်တော်၏ အဆုံးအဖြတ် ရယူခဲ့ပါသည်။

အဆိုပါ အစည်းအဝေး၌ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ အဖွဲ့ဝင် ဦးဝေလှိုင်ထွန်းမှ ဥပဒေကြမ်းနှင့် စပ်လျဉ်း၌ ဆွေးနွေး တင်ပြရာတွင် အမျိုးသား လွှတ်တော်တွင် စတင် တင်သွင်းပြီး ပြင်ဆင်ချက် မရှိ အတည်ပြု ပေးပို့လာသော ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးအဖွဲ့ ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းကို ဒုတိယအကြိမ် ပြည်သူ့ လွှတ်တော် တတိယ ပုံမှန် အစည်းအ‌ဝေး သတ္တမ‌နေ့ ၂၈-၁၁-၂၀၁၆ ရက်နေ့တွင် လွှတ်တော်သို့ ပြည်သူ့ လွှတ်တော် ဥပေဒကြမ်း ကော်မတီ၏ လေ့လာတွေ့ ရှိချက် အစီရင်ခံစာကို တင်ပြခဲ့ပါကြောင်း ၊ပြင်ဆင်ချက်အဆို တင်သွင်းနိုင်ရန်အတွက် တင်သွင်းလိုသည့် ကိုယ်စားလှယ်များကို ဖိတ်ခေါ်ခဲ့ကြောင်း၊ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် များဖြစ်သည့် ကျောက်ဖြူ မဲဆန္ဒနယ်မှ ဦးဘရှိန် ၊ပြည်ကြီးတံခွန် မဲဆန္ဒနယ်မှ ဦးကျော်စိုးလင်း နှင် ့ ပဲခူးတိုင်း ဒေသကြီး၊ ထန်းတပင် မဲဆန္ဒနယ်မှ ဦးဇော်ဝင်း တို့က ပြင်ဆင်ချက် တင်သွင်းခဲ့ကြ ပါကြောင်း၊ ၇-၁၂-၂၀၁၆ ရက်နေ့တွင် ပြည်သူ့ လွှတ်တော် ဥပဒေကြမ်းကော် မတီက ပြင်ဆင်ချက် အဆို တင်သွင်းသည့် ကိုယ်စားလှယ်များဖြင့် အစည်းအေ၀း ပြုလုပ် ဆွေးနွေး ခဲ့ပါကြောင်း ၊ဆွေးနွေးချက်များအရ ပြည်တွင်းရေ‌ကြောင်း ပို့ဆောင်ရေးအဖွဲ့ ဥပေဒကို ၅-၁၂-၂၀၁၄ ရက်နေ့မှာပြည်ထောင်စု လွှတ်တော် ဥပေဒ အမှတ် (၅၁/၂၀၁၄) ဖြင့် ထုတ်ပြန် ပြဋ္ဌာန်းခဲ့ပြီး၊ ယခင်ရှိပြီးဖြစ်သည့် ၁၉၅၂ ခုနှစ် ၊ပြည်ထောင်စု မြန်မာနိုင်ငံ ပြည်တွင်းရေ‌ကြောင်း ပို့ဆောင်ရေးအဖွဲ့ အက်ဥပေဒ "၁၉၅၂ ခုနှစ်၊ အက်ဥပေဒ အမှတ် (၃၅)" ကို ရုပ်သိမ်းပြီး ၊ပြည်တွင်းရေ‌ကြောင်း သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများကို ဆောင်ရွက် လျက်ရှိ ပါကြောင်း၊ ယခုအခါ ပြည်တွင်းရေ‌ကြောင်း ပို့ဆောင်ရေး ဥပေဒကို ရုပ်သိမ်းလိုက်မည်ဆိုပါက ပြည်တွင်းရေ‌ကြောင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းများနှင့် သက်ဆိုင်သည်‌့ ကိစ္စရပ်များကို ဆောင်ရွက်ရန် အတွက် ရည်ညွှန်းရန် ဥပဒေမရှိသည့် အခက်အခဲများ ရှိနိုင်ကြောင်း၊ လက်ရှိ ကျင့်သုံးနေသည်‌့  ဥပဒေအား ခေတ် စနစ်နှင့် ကိုက်ညီမှု မရှိသဖြင့် ရုပ်သိမ်းလိုပါက ခေတ်စနစ်နှင့် ကိုက်ညီသည့် ဥပေဒသစ်ကို ပြဋ္ဌာန်းပြီး မှသာ လက်ရှိ ကျင့်သုံးလျှက် ရှိသော ဥပဒေကို တစ်ပါတည်း ရုပ်သိမ်းသင့် ပါကြောင်း၊ ယခု ပေးပို့လာသည့် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး အဖွဲ့ ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းကို ယခုအချိန်မှာ ပြဋ္ဌာန်းရန် သဘောမတူကြောင်းကို လွှတ်တော်က အတည်ပြုပေးပါရန် တင်ပြခဲ့ပါသည်။

ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန၏ သဘောထား ကိုမေးမြန်းရာ ဒုတိယဝန်ကြီး ဦးကျော်မျိုးက မိမိအနေဖြင့် လက်ခံပါကြောင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ကို ခံယူမည် ဖြစ်ကြောင်း တင်ပြခဲ့ပါသည်။

ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးအဖွဲ့ ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းနှင့် စပ်လျဉ်းပြီး ပြဋ္ဌာန်းရန် သဘောမတူကြောင်း ဥပဒေကြမ်း ကော်မတီ၏ တင်ပြချက်ကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူခဲ့ရာ လွှတ်တော်က သဘောတူပါသဖြင့် ဥပဒေကြမ်း ကော်မတီ၏ တင်ပြချက်ကို အတည်ပြုကြောင်းနှင့် ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော် ဆိုင်ရာ နည်းဥပဒေ ၂၀ဝ အရ ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကြေငြာ ခဲ့ပါသည်။