ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးနှင့် မြန်မာအမျိုးသား လေကြောင်း ၀န်ထမ်း မိသားစုတို့မှ နိုင်ငံတော် ပရိယတ္တိ သာသနာ့ တက္ကသိုလ် (ရန်ကုန်) တွင် ဆွမ်း ဆက်ကပ် လှူဒါန်း

ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးနှင့် မြန်မာအမျိုးသား လေကြောင်း ၀န်ထမ်း မိသားစုတို့မှ နိုင်ငံတော် ပရိယတ္တိ သာသနာ့ တက္ကသိုလ် (ရန်ကုန်) တွင် ဆွမ်း ဆက်ကပ် လှူဒါန်း

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန ၊ပြည်ထောင်စု၀န်ကြီး ဦးသန့်စင်မောင်နှင့် ဇနီး ဒေါက်တာ ဒေါ်ခင်သန်းအေး တို့အား အမှူးထား၍ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးနှင့် မြန်မာ အမျိုးသား လေကြောင်း ၀န်ထမ်း မိသားစုများက နိုင်ငံတော် ပရိယတ္တိ သာသနာ့ တက္ကသိုလ် (ရန်ကုန်) ရှိ စာသင်၊ စာချ သံဃာတော်အပါး (၄၅၈) ပါးအတွက် ဆွမ်းနှင့် န၀ကမ္မ အလှူငွေ ဆက်ကပ် လှူဒါန်းပွဲကို ယနေ့ နို၀င်ဘာလ (၂၈) ရက်နေ့ နံနက် (၁၀) နာရီအချိန်တွင် ရန်ကုန်တိုင်း ဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ နိုင်ငံတော် ပရိယတ္တိ သာသနာ့ တက္ကသိုလ်၊ မိုးကုတ် ဆွမ်းစားကျောင်း၌ ကျင်းပပြုလုပ်ရာ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးမှ ဦးဆောင် ညွှန်ကြားရေးမှူး ဦးဇော်၀င်း၊ အထွေထွေ မန်နေဂျာ ဦးမောင်မောင်လွင်နှင့် ဌာနမှူးများ ၊မြန်မာ အမျိုးသားလေကြောင်းမှ လေကြောင်း ပျံသန်းရေးမှူးချုပ် ကပ္ပတိန် ခုပ်ခန့်မုံနှင့် ဌာနမှူးများ၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြပါသည်။

mna_donation01

 

mna_donation

 

mna_donation

 

mna_donation

 

mna_donation

 

mna_donation