“ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၊ ဦးဆောင် ညွှန်ကြားရေးမှူး ဦးဇော်၀င်း SA Marin Co. Ltd. မှ CEO Mr. Hanji MIYAMOTO နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ"

“ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၊ ဦးဆောင် ညွှန်ကြားရေးမှူး ဦးဇော်၀င်း SA Marin Co. Ltd. မှ CEO Mr. Hanji MIYAMOTO နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ"

ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၊ ဦးဆောင် ညွှန်ကြားရေးမှူး ဦးဇော်၀င်း သည် SA Marin Co. Ltd. မှ  CEO Mr. Hanji MIYAMOTO  နှင့်အဖွဲ့အား (၂၅.၁၁.၂၀၁၆) ရက်နေ့ (၁၃:၃၀) နာရီ အချိန်တွင် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး (ရုံးချုပ်) ဦးဆောင် ညွှန်ကြားရေးမှူး ရုံးခန်း၌ လက်ခံတွေ့ဆုံ ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးနှင့် ဂျပန်နိုင်ငံ အစိုးရ၊ JICA အစီအစဉ်ဖြင့် S.A Marine Co., Ltd မှ အကောင် အထည်ဖော် ဆောင်ရွက် လျက်ရှိသော ရန်ကုန်မြို့ သီလ၀ါ MITT ဆိပ်ကမ်းမှ ရွှေပြည်သာ-ရွှေမဲဆိပ်ကမ်းသို့ ဘက်စုံသုံး ကွန်တိန်နာ တွဲရေယာဉ်ဖြင့် ကုန်သေတ္တာ များအား ပို့ဆောင်ပေးမည့် လုပ်ငန်းနှင့် စပ်လျဉ်း၍ ရှေ့ ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များ အားဆွေးနွေး ခဲ့ကြပါသည်။ အဆိုပါ တွေ့ဆုံ ပွဲသို့ရေကြောင်း ဌာနမှူးချုပ် ဦးအောင်သန်းမြိုင် တို့ တက်ရောက် ပါသည်။

Hanji

 

Hanji