ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ပွင့်လင်း ရာသီအတွက် လုပ်ငန်း ညှိနှိုင်း အစည်းအဝေး ကျင်းပ

ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ပွင့်လင်း ရာသီအတွက် လုပ်ငန်း ညှိနှိုင်း အစည်းအဝေး ကျင်းပ

  • ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ၊ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ပွင့်လင်း ရာသီအတွက် လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ၁၁.၁၀.၂၀၁၆ ရက်နေ့ (၁၀:၀၀) နာရီအချိန်တွင် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး (ရုံးချုပ်) အစည်းအဝေး ခန်းမ၌ ကျင်းပ ပြုလုပ် ခဲ့ပါသည်။
  • အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဦးဆောင် ညွှန်ကြားရေးမှူးမှ အမှာ စကားပြောကြားခဲ့ပြီး၊ ဌာနခွဲ တာဝန််ခံများမှ လုပ်ငန်း ဆောင်ရွက်မည့် အစီအစဉ်များအား တင်ပြကြပါသည်။ ဆက်လက်၍ အထွေထွေ မန်နေဂျာနှင့် ဌာနမှူးများမှ သုံးသပ် တင်ပြကြပြီး ဦးဆောင် ညွှန်ကြားရေးမှူးမှ နိဂုံးချုပ် အမှာစကား ပြောကြားကာ(၁၇:၂၀) အချိန်တွင် အစည်း အဝေးပြီးဆုံး ခဲ့ပါသည်။
  • အဆိုပါ အစည်းဝေးသို့ ဦးဆောင် ညွှန်ကြားရေးမှုး၊ အထွေထွေ မန်နေဂျာနှင့် ဌာနမှူးများ၊  ရန်ကုန် အခြေပြုရှိ မြစ်ဝကျွန်းပေါ် ဌာနခွဲ၊ ကုန်ပို့ဆောင်ရေး ဌာနခွဲ၊ ဒလ သင်္ဘောကျင်း၊ ဒဂုံဆိပ်ကမ်း သင်္ဘောကျင်း ၊ရေယာဉ်စု အင်ဂျင်နီယာ ဌာနခွဲ တို့မှ ဌာနခွဲ တာဝန်ခံများ၊ ဧရာဝတီ ဌာနခွဲ၊ ချင်းတွင်းဌာနခွဲ၊ သံလွင် ဌာနခွဲနှင့် ရခိုင် ဌာနခွဲ တို့မှ လက်ထောက် အထွေထွေ မန်နေဂျာ များနှင့် ဒုတိယ အင်ဂျင်နီယာမှူးကြီးများ တက်ရောက်ကြပါသည်။
     
meeting

 

meeting

 

meeting

 

meeting

 

meeting

 

meeting