“ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၊ ဦးဆောင် ညွှန်ကြားရေးမှူး ဦးဇော်၀င်း ဂျပန်နိုင်ငံ Mitsui Engineering & Shipbuilding Co., Ltd. မှ Mr.Takahara နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ"

“ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၊ ဦးဆောင် ညွှန်ကြားရေးမှူး ဦးဇော်၀င်း ဂျပန်နိုင်ငံ Mitsui Engineering & Shipbuilding Co., Ltd. မှ Mr.Takahara နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ"

ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၊ ဦးဆောင် ညွှန်ကြားရေးမှူး ဦးဇော်၀င်း သည် ဂျပန်နိုင်ငံ Mitsui Engineering & Shipbuilding Co., Ltd. မှ Mr.Takahara နှင့်အဖွဲ့အား  (၂၅.၁၀.၂၀၁၆) ရက်နေ့ (၀၉:၃၀) နာရီ အချိန်တွင် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး (ရုံးချုပ်) ဦးဆောင် ညွှန်ကြားရေးမှူး ရုံးခန်း၌ လက်ခံတွေ့ဆုံ ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးနှင့် Mitsui Engineering & Shipbuilding Co., Ltd. တို့ အနာဂါတ်တွင် စီးပွားရေး လုပ်ငန်းများ ၊ရေယာဉ် တည်ဆောက်ရေး လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်နိုင်ရေး တို့ကိုဆွေးနွေးကြ ပါသည်။ အဆိုပါ အဖွဲ့သည် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဌာနပိုင် ဒလ သင်္ဘောကျင်းနှင့် မန္တလေး သင်္ဘောကျင်း သို့လည်း သွားရောက် လေ့လာကြမည်ဖြစ် ပါသည်။ အဆိုပါ တွေ့ဆုံ ပွဲသို့ အထွေထွေ မန်နေဂျာ ဦးမောင်မောင်လွင်၊ ဒုတိယ အထွေထွေ မန်နေဂျာ (အင်ဂျင်နီယာ) ဦးစိုးမြင့် ၊ရေကြောင်း ဌာနမှူးချုပ် ဦးအောင်သန်းမြိုင် နှင့် ဒလ သင်္ဘောကျင်း အင်ဂျင်နီယာမှူးကြီး ဦးဌေးအောင် တို့ တက်ရောက်ကြ ပါသည်။

Mitsui

 

Mitsui

 

Mitsui

 

Mitsui