သလ္လာဝတီ-၆" ရေယာဉ်အား နှစ်ပတ်လည်အကြီးစား ကျင်းတင်ပြုပြင်ရန်အတွက် ဒဂုံဆိပ်ကမ်းသင်္ဘောကျင်းတွင် ကျင်းတင်ခြင်းလုပ်ငန်းဆောင်ရွက်ခြင်း

ဒဂုံဆိပ်ကမ်းသင်္ဘောကျင်းဌာနခွဲမှ (၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ မှ ၂၀၂၂ ခုနှစ်၊ မတ်လ)အထိ ကာလတိုဘဏ္ဍာနှစ်အတွင်း ကျင်းတင်ပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရန်ရှိသည့် ရေယာဉ်များအနက်မှ တစ်စီးဖြစ်သော "သလ္လာဝတီ-၆" ရေယာဉ်အား နှစ်ပတ်လည်အကြီးစား ကျင်းတင်ပြုပြင်ခြင်းလုပ်ငန်းများဖြစ်သည့် ဝမ်းတွင်းနှင့် ကုန်းပါတ်သံပြား၊ သံကိုင်းများ စစ်ဆေးလဲလှယ်ခြင်း၊ လျှပ်စစ်မီးလိုင်းများ စစ်ဆေးခြင်း၊ ရေယာဉ်၏ အထက်တန်း မျက်နှာကျက်နှင့် တံခါးများစသည့် လက်သမားလုပ်ငန်းများ ပြုပြင်ခြင်းအပြင် စက်မကြီးများ၊ အရံမီးစက်များနှင့် ပဲ့ချိတ်ယူနစ်များအား စီစစ်ပြုပြင်ရန်အတွက် (၂၁.၉.၂၀၂၁)ရက်နေ့တွင် ဒဂုံဆိပ်ကမ်းသင်္ဘောကျင်း၏ ကျင်းလမ်းအမှတ်(၁)၌ ကျင်းတင်ခြင်းလုပ်ငန်းအား ဆောင်ရွက်ခဲ့ပါသည်။