ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၏ ဦးဆောင်ညွှန်ကြားရေးမှူးရာထူးနေရာသို့ အထွေထွေမန်နေဂျာ ဦးဌေးအောင် ကို ရာထူးတိုးမြှင့် ခန့်ထားခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး ၏ ၁၃၈၁ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁ ရက်၊ ( ၂ဝ၂ဝ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၀ ရက်) ရက်စွဲပါ အမိန့်ကြော်ငြာအမှတ်၊ ၁၅/၂၀၂၀ ဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ အထွေထွေမန်နေဂျာ ဦးဌေးအောင် ကို ယင်းဌာန၏ ဦးဆောင်ညွှန်ကြားရေးမှူးအဖြစ် တာဝန်ဝတ္တရားများကို စတင်ဆောင်ရွက်သည့် နေ့မှစ၍ အစမ်းခန့်ထားခဲ့ပြီး၊ ဦးဌေးအောင်သည် ဦးဆောင်ညွှန်ကြားရေးမှူး၏ ရာထူးတာဝန်များကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ၊ ၁၃ ရက်နေ့နံနက်မှစတင်၍ ထမ်းဆောင်ပါသည်။