ဦးဆောင် ညွှန်ကြားရေးမှူး (ပူးတွဲ) ဦးဇော်၀င်း သည် ကမ္ဘာ့ဘဏ်အုပ်စု၊ International Finance Corporation မှ Senior Investment Officer Mr. Dirk Sommer အား လက်ခံတွေ့ဆုံ

ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၊ ဦးဆောင်ညွှန်ကြားရေးမှူး (ပူးတွဲ) ဦးဇော်၀င်း သည် ကမ္ဘာ့ဘဏ်အုပ်စု၊ International Finance Corporation မှ Senior Investment Officer Mr. Dirk Sommer အား လက်ခံတွေ့ဆုံ

ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၊ ဦးဆောင်ညွှန်ကြားရေးမှူး (ပူးတွဲ) ဦးဇော်၀င်း သည် ကမ္ဘာ့ဘဏ်အုပ်စု၊ International Finance Corporation မှ Senior Investment Officer Mr. Dirk Sommer အား (၆.၅.၂၀၁၆) ရက်နေ့ နံနက် (၁၁:၀၀) နာရီ အချိန်တွင် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး (ရုံးချုပ်) ဦးဆောင်ညွှန်ကြားရေးမှူး ရုံးခန်း၌ လက်ခံ တွေ့ဆုံ ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေ၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှ စတင်၍ နိုင်ငံတော် ဘဏ္ဍာ ရန်ပုံငွေ ပြင်ပမှ မိမိဌာန ၀င်ငွေရှာဖွေ ရရှိမှုပေါ် ရပ်တည်ဆောင်ရွက်ခဲ့ရမှု အခြေအနေ၊ လက်ရှိ ဘဏ္ဍာရေး အခြေအနေ၊ လက်ရှိ၀န်ထမ်း (၂၈၁၈) ဦးနှင့် ပင်စင်စား ၀န်ထမ်းဟောင်း (၄၅၆၉) ဦးတို့အတွက် လစဉ် လစာနှင့် ပင်စင်လစာ ကျပ်သန်း (၆၈၀) ခန့် ကုန်ကျနေမှု အခြေအနေ၊ ရေယာဉ်များ အခြေအနေ၊ ခရီးသည်နှင့် ကုန်စည် ပို့ဆောင်မှု အခြေအနေနှင့် ရှေ့ဆက်လက် ဆောင်ရွက်မည့် အခြေအနေတို့ကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါ တွေ့ဆုံပွဲသို့ ဒုတိယ အထွေထွေမန်နေဂျာ (ဘဏ္ဍာရေး) ဒေါ်စန်းစန်းဌေး၊ ရေကြောင်း ဌာနမှူးချုပ် ဦးအောင်သန်းမြိုင်နှင့် ကုန်ပို့ဆောင်ရေးဌာနခွဲမှ လက်ထောက် အထွေထွေမန်နေဂျာ ဦးမောင်မောင်အောင်တို့ တက်ရောက်ကြပါသည်။
 

dirk_sommer

 

dirk sommer

 

dirk sommer