ဦးဆောင် ညွှန်ကြားရေးမှူး (ပူးတွဲ) ဦးဇော်၀င်း အာရှ ဖွံ့ဖြိုးရေးဘဏ်မှ Mr. Peter Benson နှင့် Mr. Greg Wood တို့အား လက်ခံတွေ့ဆုံ

“ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၊ ဦးဆောင်ညွှန်ကြားရေးမှူး (ပူးတွဲ) ဦးဇော်၀င်း အာရှ ဖွံ့ဖြိုးရေးဘဏ်မှ Mr. Peter Benson နှင့် Mr. Greg Wood တို့အား လက်ခံတွေ့ဆုံ"

ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၊ ဦးဆောင်ညွှန်ကြားရေးမှူး (ပူးတွဲ) ဦးဇော်၀င်း သည် အာရှ ဖွံ့ဖြိုးရေးဘဏ်မှ Mr. Peter Benson နှင့် Mr. Greg Wood တို့အား (၆.၅.၂၀၁၆) ရက်နေ့နံနက် (၁၀:၀၀) နာရီ အချိန်တွင် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး (ရုံးချုပ်) ဦးဆောင်ညွှန်ကြားရေးမှူး ရုံးခန်း၌ လက်ခံ တွေ့ဆုံပါသည်။ ထိုသို့ တွေ့ဆုံရာတွင် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး လုပ်ငန်းများ ရှေ့ ဆက်လက် ဆောင်ရွက်မည့် အခြေအနေ၊ လက်ရှိ ဘဏ္ဍာရေး အခြေအနေတို့ကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါ တွေ့ဆုံပွဲသို့ ဒုတိယ အထွေထွေမန်နေဂျာ (ဘဏ္ဍာရေး) ဒေါ်စန်းစန်းဌေး၊ ရေကြောင်းဌာနမှူးချုပ် ဦးအောင်သန်းမြိုင်နှင့် ကုန်ပို့ဆောင်ရေးဌာနခွဲမှ လက်ထောက် အထွေထွေမန်နေဂျာ ဦးမောင်မောင်အောင်တို့ တက်ရောက်ကြပါသည်။
 

greg_wood

 

peter_benson