“ပန်းဆိုးတန်း-ဒလ ကူးတို့လမ်းတွင် အခြား ခရီးလမ်းများမှ လက်ကျန် လက်မှတ်များ အစားထိုး အသုံးပြုရခြင်း အတွက် ခရီးသွား ပြည်သူများသို့ မေတ္တာရပ်ခံ ပန်ကြားချက်”

“ပန်းဆိုးတန်း-ဒလ ကူးတို့လမ်းတွင် အခြား ခရီးလမ်းများမှ လက်ကျန် လက်မှတ်များ အစားထိုး အသုံးပြုရခြင်း အတွက် ခရီးသွား ပြည်သူများသို့ မေတ္တာရပ်ခံ ပန်ကြားချက်”

၁။  ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးကို နိုင်ငံတော်မှ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှ စတင်၍ နိုင်ငံတော်မှ ဘတ်ဂျက် ခွင့်ပြုခြင်း မရှိတော့ဘဲ ဌာနမှ မိမိ၀င်ငွေ ရှာဖွေ ရရှိမှုအပေါ် ရပ်တည်ကာ လုပ်ငန်းများ ဆောင်ရွက် လျှက်ရှိပါသည်။ ဌာနဆက်လက် ရပ်တည်နိုင်ရေး အတွက် ၀င်ငွေ တိုးတက်ရရှိရေး၊ အသုံးစရိတ် လျှော့ချနိုင်ရေးတို့ကို နည်းလမ်းပေါင်းစုံ ဖြင့် ကြိုးစား ဆောင်ရွက်လျှက်ရှိပါသည်။

၂။   ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးမှ ယခင်နှစ်များစွာ ကာလများက ပြေးဆွဲခဲ့ပြီး ယခု ပြေးဆွဲခြင်း မပြုတော့သည့် ခရီးလမ်းများတွင် အသုံးပြုခဲ့သော လက်ကျန် လက်မှတ် စောင်ရေ (၁၂၅) သိန်းကျော် ကျန်ရှိနေပါသည်။ အဆိုပါ ရပ်နား ခရီးလမ်းများမှ အသုံးမပြု ရသေးသည့် လက်မှတ်စောင်ရေ (၁၂၅) သိန်းကျော်အား ပန်းဆိုးတန်း-ဒလ ကူးတို့ လမ်းတွင် အစားထိုး၍ အကျိုးရှိစွာ ပြန်လည် အသုံးပြုရန် ဌာန စီမံခန့်ခွဲရေး အစည်း အေ၀း (EC) ဆွေးနွေး ဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။ ယနေ့အချိန် အထိ (၈) လတာ ကာလအတွင်း လက်မှတ်ဟောင်း စောင်ရေ (၆၁) သိန်းကျော်အား တံဆိပ် ရိုက်နှိပ်၍ အသုံးပြုပြီးဖြစ်သဖြင့် ဌာနအနေဖြင့် အသုံးစရိတ် တန်ဘိုးငွေ (၄၈) သိန်း ကျော် သက်သာခဲ့ပါသည်။

၃။   သို့ဖြစ်ပါ၍ ဌာန၏ ဘဏ္ဍာငွေ အခက်အခဲအရ အသုံးစရိတ် လျှော့နည်း သက်သာစေရန်အတွက် ပန်းဆိုးတန်း-ဒလ ကူးတို့လမ်းတွင် အခြား ခရီးလမ်းများမှ လက်မှတ်များ အစားထိုး အသုံးပြုရခြင်းကို ခရီးသွား ပြည်သူများ နားလည် ခွင့်လွှတ်ပေးနိုင်ပါရန် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးမှ မေတ္တာရပ်ခံ ပန်ကြားအပ် ပါသည်။