“ညောင်တုန်း-စံကင်းကျွန်း ကားနှင့် လူကူး ဇက်ကူးတို့လိုင်း ပြေးဆွဲခြင်း”

“ညောင်တုန်း-စံကင်းကျွန်း ကားနှင့် လူကူး ဇက်ကူးတို့လိုင်း ပြေးဆွဲခြင်း”

iwt

 

iwt

 

  • ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်နှင့် ပန်းလှိိုင်မြစ်သာ ခြားလျက် ရှိသော စံကင််းကျွန်း ဒေသတို့အကြား ခက်ခဲလျက် ရှိသည့် လမ်းပန်း ဆက်သွယ်မှု ကောင်းမွန်ရေး အတွက် ပို့ဆောင်ရေး ဝန်ကြီးဌာန၊ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးမှ ကားနှင့်လူ တင်ဆောင်နိုင်သည့် ဇက်ကူးတို့ ရေယာဉ်ပြေးဆွဲခြင်း ဖွင့်ပွဲ အခမ်းအနားကို (၁၇-၂-၂၀၁၆) ရက်နေ့ (၁၀:၀၀) နာရီ အချိန်က ပန်းလှိုင်မြစ်ကမ်းရှိ ဇက်ကူးတို့ ပြေးဆွဲမည့် ပါလှဲ့-ဂုံမင်း ကူးတို့ဆိပ်တွင် ကျင်းပခဲ့ပါသည်။
  • အဆိုပါ အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ ညောင်တုန်းမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဌာနမှ ဒု-အထွေထွေ မန်နေဂျာ ဦးငြိမ်းအေး၊ ဦးပြေငြိမ်းနှင့် ဒေသခံ ရွာသားအင်အား (၁၀၀၀) ခန့်တို့ တက်ရောက်ခဲ့ပါသည်။ ဇက်ရေယာဉ်ဖွင့်ပွဲ အခမ်းအနား တွင် တိုင်းဒေသဝန်ကြီး အစိုးရအဖွဲ့ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးသန်းထွန်း၊ တိုင်းဒေသကြီး လွတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်နှင့် ပါလှဲ့ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးရွှေကျီး တို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင်မှ အဖွင့်အမှာစကား ပြောကြားရာတွင် စံကင်းကျွန်းဒေသမှာ ရေခံ ၊မြေခံကောင်းပြီး စိုက်ပျိုးရေး အထူးဖြစ်ထွန်းသည့် ကျွန်းဒေသဖြစ်သော်လည်း လမ်းပန်း ဆက်သွယ်ရေး ခက်ခဲမှုကြောင့် ဖွံ့ဖြိုးရေးလုပ်ငန်းများင့် အလှမ်းဝေးကာ ဒေသခံတို့၏ လူမှုရေး၊ စီးပွားရေးနှင့် ကျန်းမာရေးတို့ နိမ့်ကျခဲ့ရကြောင်း ဒေသခံတို့ လူမှုဘ၀ မြင့်မားရေးအတွက် ကားနှင့်လူကူး ကူးတို့ ပြေးဆွဲနိုင်ရေးအတွက် အချိန်ကြာမြင့်စွာ ကတည်းက စီစဉ်ထား ရှိခဲ့ရာ ယခုအခါ ထမြောက် အောင်မြင်ပြီဖြစ်၍ ဒေသဖွံ့ဖြိုးရေးအတွက် သမိုင်း မှတ်တမ်းတင်ရမည့် ရက်တစ်ရက် ဖြစ်ပါကြောင်း ဌာနဆိုင်ရာ တာဝန်ခံများ အနေဖြင့်လည်း ဖွံ့ဖြိုးမှု နောက်ကျခဲ့ရသည့် ဤစံကင်းကျွန်း ဒေသကို ဘက်ပေါင်းစုံမှ ဖြည့်ဆည်းဆောင်ရွက် ပေးကြစေလိုကြောင်း ပြောကြား သွားခဲ့ပါသည်။ ဆက်လက်ပြီး ပါလှဲ့ကျေးရွာ အုပ်ချုပ်ရေးမှူးက ဇက်ကူးတို့ ပြေးဆွဲနိုင်ရေး ဆောင်ရွက် မှုနှင့် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးမှ ဒု-အထွေထွေ မန်နေဂျာ ဦးငြိမ်းအေးမှ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်း တင်ပြခဲ့ပါသည်။
  • စံကင်းကျွန်းဒေသသည် ရန်ကုန်-ပုသိမ် ကားလမ်းအနီး တည်ရှိပြီး ၊ညောင်တုန်းမြို့ နှင့် ဆားမလောက်ရွာတို့မှ (၆) မိုင်ခန့်စီ ကွာဝေးပါသည်။ ညောင်တုန်းမြို့နှင့် ပန်းလှိုင်မြစ်ခြားထားပြီး မြစ်ပတ်လည် ဝိုင်းထားသည့် ကျွန်းဒေသတစ်ခု ဖြစ်သော်လည်း ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်၊ ထန်းတပင်မြို့နယ်တို့နှင့် ဆက်စပ်လျှက်ရှိကာ စပါး၊ ပဲမျိုးစုံ ၊ငြုပ်၊ နှမ်း ၊ကြံနှင့်ပြောင်းများ စိုက်ပျိုးဖြစ်ထွန်းသည့် စိုက်ပျိုးရေးဒေသ တစ်ခုလည်း ဖြစ်ပါသည်။ အဆိုပါဒေသတွင် လူဦးရေ (၇) သောင်းခန့်ရှိပြီး ကရင်နှင့် မြန်မာလူမျိုးများ အများစုနေထိုင်လျှက် ရှိပါသည်။ ယခင်က ညောင်တုန်းနှင့် စံကင်းကျွန်းအကြား ပန်းလှိုင်မြစ်ကို လူ (၁၅) ဦးဆံ့ စက်လှေကူးတို့ဖြင့် ဖြတ်သန်းကြရာတွင် လူတစ်ဦးလျှင် (၂၀၀) ကျပ်၊ ဆိုင်ကယ်တစ်စီးလျှင် (၈၀၀) ကျပ်၊ စပါးတင်း (၁၀၀) လျှင် (၁၀၀၀၀) ကျပ်ပေးရပြီး ထွန်စက် ၊ထော်လာဂျီနှင့် ကားများ ကူးနိုင်ခြင်းမရှိပါ။ ယခုအခါ ဇက်ကူး တို့ဖြင့် လူ (၁) ဦး (၁၀၀) ကျပ်၊ ဆိုင်ကယ် (၁) စီး (၅၀၀) ကျပ်၊ ကားကြီး (၁) စီး (၂၅၀၀) ကျပ်၊ စပါးတင်း (၁၀၀) လျှင် (၅၀၀၀) ကျပ်ခန့်သာ ဖြတ်ကူးနိုင်၍ ငွေကြေးကုန်ကျမှု များစွာ သက်သာကာ ယခင်ကကဲ့သို့ ကမ်းနဖူးမှလှေပေါ် ၊လှေပေါ်မှကမ်းနဖူးသို့ ထမ်းတင် ထမ်းချခြင်းများကို ပင်ပန်းကြီးစွာ လုပ်ဆောင်ရန် မလိုတော့ပါ။ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးသည် ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ သံလွင်မြစ်ကြောင်းနှင့် ရခိုင်ဒေသ ၊မြစ်ဝကျွန်းပေါ်ဒေသ တို့တွင် ခရီးသည်နှင့် ကုန်စည်တင် သင်္ဘောများပြေးဆွဲခြင်း၊ ကူးတို့ရေယာဉ် များပြေးဆွဲခြင်း လုပ်ငန်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျှက်ရှိရာ ယခုပြေးဆွဲ လျှက်ရှိသည့် တန်ချိန် (၁၅၀) ဆံ့ရေနယား (၁) ကူးတို့ရေယာဉ်သည် ခရီးသည် (၁၄၂) ဦး နှင့်ကုန်တင်ကားကြီး (၄) စီး တင်ဆောင်နိုင်သည့် သံကိုယ်ထည် သင်္ဘောဖြစ်ကာ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးမှ ဝန်ထမ်း (၈) ဦးဖြင့် လုပ်ငန်းတာဝန် များကို ဆောင်ရွက်လျှက်ရှိပါသည်။ ယခုအခါ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးမှ ကားနှင့် လူကူး ဇက်ကူးတို့ ပြေးဆွဲခြင်း လုပ်ငန်းသည် လမ်းပန်း ဆက်သွယ်မှု ခက်ခဲကာ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး တို့တွင် ဖွံ့ဖြိုးမှုနောက်ကျပြီး ကားပြေးဆွဲနိုင်မှု မရှိသော ညောင်တုန်းမြို့နယ်၊ စံကင်းကျွန်းဒေသခံ ပြည်သူများ၏ မျှော်လင့်တောင့်တခဲ့ရသည့် အိမ်မက်ကို တစ်ဖက်တစ်လှမ်းမှ အကောင် အထည်ပေါ်လာအောင် အားဖြည့် ဆောင်ရွက်ပေးနိုင်ခဲ့ပြီ ဖြစ်ပါသည်။