အိတ်ဖွင့်လေလံ (Open Bidding) ခေါ်ယူခြင်း

ပို့ဆောင်ရေး ဝန်ကြီးဌာန
ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး
အိတ်ဖွင့်လေလံ (Open Bidding) ခေါ်ယူခြင်း

၁။ ပို့ဆောင်ရေးဝန်ကြီးဌာန ၊ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၊ ဒလ သင်္ဘောကျင်းနှင့် ဒဂုံ ဆိပ်ကမ်း သင်္ဘောကျင်းတို့မှ သံပြား၊ သံကိုင်းဟောင်း ခန့်မှန်း အလေးချိန် (၂၁၇) တန်ခန့်အား တည်ရှိ ရာဒေသနှင့် အခြေအ‌နေအလိုက် လက်ရှိ မျက်မြင် အခြေအနေအတိုင်း အိတ်ဖွင့်လေလံ (Open Bidding) စနစ်ဖြင့် ထုခွဲရောင်းချမည် ဖြစ် ပါသည်။
၂။ အိတ်ဖွင့်လေလံဖွင့်ပွဲကို (၂၉.၉.၂၀၁၅) ရက်နေ့ ( ၁၄:၀၀  ) အချိန်တွင် ကျင်းပပါမည်။
၃။ လျှောက်လွှာပုံစံနှင့် အသေးစိတ် အချက်အလက်များကို  (၁၈.၉.၂၀၁၅) နေ့မှ (၂၈.၉.၂၀၁၅) နေ့အတွင်း အမှတ် (၅၀)၊ ပန်းဆိုးတန်းလမ်း ၊ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး (ရုံးချုပ်) ပထမထပ်၊ စီမံရေးရာ ဌာနတွင် ရုံးချိန်အတွင်း လာရောက် ဝယ်ယူ စုံစမ်းနိုင် ပါသည်။

လေလံတင် ထုခွဲရောင်းချရေး ကော်မတီ