ဘင်္ဂလား ပင်လယ်အော် အနောက် အလယ်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက် ရှိသော ဘင်္ဂလား ပင်လယ်အော် အနောက်မြောက်ပိုင်း တို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်း ရပ်ဝန်း ဆက်လက် တည်ရှိနေမှု သတင်း

iwt

နေ့စဉ် မိုးလေဝသသတင်း
(၂၀၁၅ ခုနှစ်၊ သြဂုတ်လ(၂၈) ရက်နေ့ နံနက်(၇:၀၀) နာရီ အချိန် ထုတ်ပြန်ချက်)

  • ဘင်္ဂလား ပင်လယ်အော် အ‌ခြေအနေ။ ယနေ့ နံနက်မြန်မာ စံတော်ချိန် (၀၆:၃၀) နာရီအချိန် တိုင်းထွာ ချက်များ အရ ဘင်္ဂလား ပင်လယ်အော် အနောက် အလယ်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက် ရှိသော ဘင်္ဂလား ပင်လယ်အော် အနောက်မြောက်ပိုင်း တို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်း ရပ်ဝန်းသည် ဆက်လက် တည်ရှိနေ ပါသည်။ ကပ္ပလီ ပင်လယ်ပြင်နှင်‌့ ဘင်္ဂလား ပင်လယ်အော် တောင်ပိုင်း တို့တွင် မုတ်သုံလေ အားအသင့်အတင့် ရှိနေပြီး၊ ကျန်ဘင်္ဂလား ပင်လယ်အော်တွင် မုတ်သုံလေ အားကောင်းနေ ပါသည်။     
  • ယနေ့ ညနေထိ ခန့်မှန်းချက်။ စစ်ကိုင်း တိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေး တိုင်းဒေသကြီးနှင့် မကွေး တိုင်းဒေသကြီး တို့တွင်နေရာ ကွက်ကျား၊ ကယားပြည်နယ်တွင် နေရာ ကျဲကျဲ၊ စစ်ကိုင်း တိုင်းဒေသကြီး အထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊  ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ် တို့တွင်နေရာ စိပ်စိပ်နှင်‌့
  • ကျန်တိုင်းဒေသကြီး နှင့်ပြည်နယ် တို့တွင်နေရာ အနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ကချင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင်နေရာ ကွက်၍ မိုးကြီးနိုင် ပါသည်။ ရွာရန် ရာနှုန်းပြည့်ဖြစ် ပါသည်။
  • မြန်မာ့ပင်လယ်ပြင်။ ။မြစ်၀ကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင် တို့တွင် တစ်ခါတစ်ရံ မိုးသက် လေပြင်းများ ကျရောက်ပြီး  လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင် ပါသည်။ မိုးသက်လေပြင်း ကျစဉ်ရေပြင် /မြေပြင်လေသည် တစ်နာရီလျှင် (၃၅) မိုင်ထိ တိုက်ခတ်နိုင် ပါသည်။ ကျန်မြန်မာ့ ပင်လယ်ပြင်တွင် လှိုင်း အသင့်အတင့်ရှိမည်။
  • နောက် (၂) ရက်အတွက် ခန့်မှန်းချက်။  ကချင်ပြည်နယ်တွင် မိုးပိုလာမည်။
  • နေပြည်တော်နှင့် အနီးတစ်ဝိုက်အတွက် ယနေ့ ညနေထိ ခန့်မှန်းချက်။ ။နေရာကွက်ကျား မိုးထစ်ချုန်း ရွာမည်။ ရွာရန် ရာနှုန်းပြည့်ဖြစ် ပါသည်။
  • ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်အတွက် ယနေ့ ညနေထိ ခန့်မှန်းချက်။  မိုးတစ်ကြိမ် နှစ်ကြိမ် ထစ်ချုန်း ရွာမည်။ ရွာရန် ရာနှုန်းပြည့်ဖြစ် ပါသည်။
  • မန္တလေးမြို့နှင့် အနီးတစ်ဝိုက်အတွက် ယနေ့ ညနေထိ ခန့်မှန်းချက်။ ။နေရာကွက်ကျား မိုးထစ်ချုန်း ရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း (၆၀) ဖြစ်ပါသည်။

http://www.tmd.go.th/en/weather_map.php

iwt