ရေကြောင်းဌာန
ရေကြောင်းဌာနသည် ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေးရှိ စက်ရှိ၊ စက်မဲ့ ရေယာဉ် အားလုံး၏ ကုန်းပတ် ဝန်ထမ်းများကို ကြီးကြပ် ကွပ်ကဲခြင်း၊ ရေယာဉ်များ အန္တရာယ် ကင်းရှင်းစွာ သွားလာနိုင်ရေး အတွက် ကြီးကြပ် ကွပ်ကဲခြင်းနှင့် စက်ရှိ၊ စက်မဲ့ ရေယာဉ်များ စနစ်တကျ ပြင်ဆင်နိုင်ရေးအတွက် တာဝန်ယူ ဆောင်ရွက်ရပါသည်။ ရေကြောင်းဌာန၏ လုပ်ငန်းများကို အကောင်အထည် ဖေါ်နိုင်ရန် အောက်ပါ အတိုင်း ဖွဲ့စည်း ဆောင်ရွက်လျက် ရှိပါသည်-
(က) ရုံးချုပ်(ရေကြောင်းဌာန)
- ရေယာဉ်ရေးရာဌာနစု
 - စီမံဌာနစု
 - စစ်ဆေးရေးဌာနစု
 - ဆယ်ယူရေးဌာနစု
 - ကုန်ပို့ဆောင်ရေးဌာနစု ဟူ၍ ဖွဲ့စည်းဆောင်ရွက်ပါသည်။
 
( ခ ) ရေယာဉ်စုများ
- ဧရာဌာနခွဲ
 - ချင်းတွင်းဌာနခွဲ
 - မြစ်ဝဌာနခွဲ
 - သံလွင်ဌာနခွဲ
 - ရခိုင်ဌာနခွဲ
 
ဟူ၍ ရေယာဉ်စုများ အဖြစ် ဖွဲ့စည်းပြီး ရေယာဉ်စု အလိုက် ဝန်ထမ်းရေးရာ၊ ရေယာဉ်ရေးရာ လုပ်ငန်းများကို သက်ဆိုင်ရာ သယ်ယူ ပို့ဆောင်ရေး ဌာနခွဲများ၊ သင်္ဘောကျင်း ဌာနခွဲများနှင့် ဆက်စပ် ဆောင်ရွက်ရပါသည်။
