ကုန်စည်ပို့ဆောင်ပြည်ကျိုးဆောင်

၁။      ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးသည် ခေတ်မီဖွံ့ဖြိုးတိုးတက်လာသည်နှင့်အညီ သွားလာ ရောင်းဝယ်မှုလွယ်ကူစေရန် လမ်း၊ တံတားများ ဆောက်လုပ်    ပြီးစီးနေသော်လည်း ပြည်တွင်းရေကြောင်းပို့ ဆောင်ရေးပိုင် ရေယာဉ်၊ တွဲယာဉ်များဖြင့် ကုန်စည်ပို့ဆောင်ရေးကို မေ့ဖျောက်ထားရန် မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ကုန်တင် ရေယာဉ်၊ တွဲယာဉ်များသည် လေးလံ၍ ဝန်ကျယ်သော ကုန်ပစ္စည်းများကို တစ်ကြိမ် တည်းတွင် ပမာဏအများအပြား သယ်ယူပို့ဆောင်နိုင်ခြင်းကြောင့်ပင်ဖြစ်ပါသည်။

၂။ ထို့ပြင် ရေကြောင်းဖြင့် ကုန်စည်သယ်ယူပို့ဆောင်ခြင်းသည်  အခြားသောကုန်စည်သယ်ယူပို့ဆောင် ရေးနည်းလမ်းများထက် ကုန်ကျစရိတ်သက်သာပြီး    အောက်  ဖော်ပြပါ အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပါသည်-

(က)     ရေလမ်းကြောင်းသည် ပြိုင်မောင်း၊ လုမောင်း၊ ကျော်တက်ရသည့်လမ်းခရီးမဟုတ်သည့်အတွက် ကုန်ပစ္စည်းများကို ဘေးအန္တရာယ်ကင်းရှင်းစွာ လိုရာခရီးသို့              ရောက်ရှိအောင် သယ်ယူပို့ဆောင် ပေးနိုင်ခြင်း၊

(ခ)     ယာဉ်ကြောပိတ်ဆို့မှု နှင့် မော်တော်ယာဉ်သွားလမ်းများပျက်စီးမှုကိုလျော့ချပေးနိုင်ခြင်း၊

(ဂ)    နိုင်ငံတကာသုတေသနအရ ရေကြောင်းဖြင့်ပို့ဆောင်ခြင်းသည် ကား၊ရထားတို့ကို အသုံးပြုပို့ဆောင်ခြင်းထက် လေထုညစ်ညမ်းမှု နည်းပါးစေခြင်းကြောင့်                 ပတ်ဝန်းကျင်သန့်ရှင်းရေးအတွက် ထောက်ပံ့ကူညီပေးနိုင်ခြင်း၊

၃၊၊    ကျွန်ုပ်တို့ပြည်သူပြည်သား လူသားအားလုံးသည် “သမုဒ္ဒရာ ဝမ်းတစ်ထွာ”အတွက် နေ့စဉ်ရှာဖွေကြိုးစား လှုပ်ရှားကူးသန်းရောင်းဝယ်ရာတွင် မိမိအတွက်အကျိုးအမြတ် ရရှိမည့်အရာကို လုပ်ကိုင်နေကြသူများပင်ဖြစ် ကြပါသည်။ မိမိအကျိုး၊ အများအကျိုးဆောင်ရွက်သည့် ကုန်စည်သယ်ယူပို့ဆောင်မှုကို လုပ်ကိုင်ရန် ဆန္ဒရှိပါက ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ ကုန်စည်ပို့ဆောင်ရေးဌာန၊ ကုန်ပို့ဆောင်ရေးဌာနခွဲသို့ ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်း ဖော်ပြအပ်ပါသည်။

ဆက်သွယ်စုံစမ်းနိုင်သည့်ဖုန်းနံပါတ်များမှာ-

            ဒုအထွေထွေမန်နေဂျာ(ကုန်စည်)(ရုံးချုပ်)  -           ၀၉ ၅၁၇၁၀၀၈

            လက်ထောက်အထွေထွေမန်နေဂျာ(ကုန်ပို့) -           ၀၉ ၄၂၉၇၂၁၇၃၁

            မန်နေဂျာ(ကုန်ပို့)                                   -           ၀၉ ၅၀၇၁၀၀၀