ရေကြောင်းလမ်းဖြင့် သယ်ယူပို့ဆောင်ခြင်း၏ အားသာချက်များ
မြန်မာနိုင်ငံရှိမြစ်မကြီးများဖြစ်သည့် ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်နှင့်အများစုသောမြစ်များသည် မြောက်မှတောင်သို့ မြေသြဇာကောင်းမွန်သော မြေပြန့်လွင်ပြင်များကို ဖြတ်သန်းစီးဆင်းလျက်ရှိပါသည်။ မြန်မာနိုင်ငံအတွင်း ကုန်စည်ကူးသန်းသွားလာနိုင်သည့် ရေကြောင်းလမ်းများသည် အခြားသောသယ်ယူပို့ဆောင်မှုနည်းလမ်းများဖြစ်သည့် ကုန်းလမ်း၊ မီးရထားလမ်း၊ လေကြောင်းလမ်းစသည့် သယ်ယူပို့ဆောင်ရေးနည်းလမ်း များထက် အောက်ပါအချက်များတွင်အားသာချက်များရှိပါသည်။
| • |
လေးလံသည့်ကုန်ပစ္စည်းများ၊ တန်ချိန်များသည့်ကုန်ပစ္စည်းများနှင့်ဝန်ကျယ်သည့်ကုန်ပစ္စည်းများကို ကုန်ကျစရိတ်အနည်းဆုံးဖြင့် သယ်ယူ ပေးနိုင်ခြင်း၊
|
| |
|
| • |
သယ်ယူရာတွင်အချိန်ကြာသော်လည်း တစ်ကြိမ်တည်း၊ တစ်နေရာတည်းသို့ တန်ချိန်မြောက်များစွာ ပို့ဆောင်နိုင်ခြင်း၊ |
| |
|
| • |
သယ်ယူပို့ဆောင်သည့်ယာဉ်များအတွက် အသုံးပြုသည့်စွမ်းအင်လောင်စာဆီ ကုန်ကျစရိတ်မှာ အခြားနည်းလမ်းများထက်သက်သာခြင်း၊ ပတ်ဝန်းကျင်လေထုညစ်ညမ်းမှု သက်သာခြင်း။ |
| |
|
| • |
အခြားသယ်ယူပို့ဆောင်မှုနည်းလမ်းများကဲ့သို့ လေယာဉ်ကွင်းများ၊ မီးရထားလမ်းများ၊ မော်တော်ကားလမ်းများ၊ တံတားကြီးများကို သီးခြား တည်ဆောက်ဖောက်လုပ်ရန်အတွက်မလိုအပ်ဘဲ သဘာဝကပေးအပ်ထားသည့်ရေကြောင်းလမ်းကိုသာ အနည်းငယ် ပြုပြင်ထိန်းသိမ်းပြီး အသုံးပြုနိုင်ခြင်း၊ |
| |
|
| • |
စက်မှုဖွံ့ဖြိုးတိုးတက်ရန်အတွက် မြစ်မကြီးများ၏ပတ်ဝန်းကျင်ရှိ စက်ရုံ/အလုပ်ရုံများအတွက် ကုန်ကြမ်းပစ္စည်းများ၊ ကုန်ချောပစ္စည်းများကို ကုန်ကျစရိတ်သက်သာစွာဖြင့် သယ်ယူပို့ဆောင်နိုင်ခြင်း၊ |
| |
|
| |
|