ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ ကြိုဆိုပါသည်။
(၁၉၃၃ခုနှစ်မှ တည်ဆောက်ခဲ့သည့် ရှေးဟောင်းအမွေအနှစ် အဆောက်အဦးတစ်ခု
ဖြစ်ပါသည်။)
ပြည်တွင်းရေကြောင်းပို့ဆောင်ရေးသည် ၁၈၆၅ခုနှစ်မှ စတင်ဖွဲ့စည်းဆောင်ရွက် ခဲ့သည့် အဖွဲ့အစည်းဖြစ်ပြီး ယခုအခါပို့ဆောင်ရေးဝန်ကြီးဌာနလက်အောက်ရှိ နိုင်ငံပိုင် သယ်ယူပို့ဆောင်ရေးအဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်လျက်ရှိသည်။ ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေးနှင့် ခရီးသွား ပြည်သူများ အဆင်ပြေ ချောမွေ့စေရေးအတွက် သယ်ယူပို့ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါသည်။
