“ကစ္ဆပနဒီ-၃” အမြန်ရေယာဉ်ကို တင်ဆောင်လာသည့် ရေယာဉ်တင် သင်္ဘောကြီး "M.V ISUZU (Voy.No.034)" ကျောက်ဖြူဆိပ်ကမ်းသို့ မတ်လ (၈)ရက်နေ့နံနက်တွင်ရောက်ရှိမည်။

ရန်ကုန်၊ ၂၀၁၉ ခုနှစ်၊ မတ် ၃။

ဂျပန်နိုင်ငံမှ The Economic and Social Development Programme FY 2016 အစီအစဉ်အရ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ ရခိုင်ဌာနခွဲတွင် အသုံးပြုရန်အတွက် ဂျပန်နိုင်ငံ ပြည်သူများက ပေးအပ် လှူဒါန်းသည့် ကမ်းရိုးတန်းသွား “ကစ္ဆပနဒီ-၃” အမြန်ရေယာဉ်အသစ်ကို ရေယာဉ်တင် သင်္ဘောကြီး "MV V  ISUZU (VOY.NO.034)" ပေါ်သို့တင်ဆောင်ပြီး ဂျပန်နိုင်ငံ Yokohama ဆိပ်ကမ်းမှ ၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၈)ရက်နေ့တွင် ခွာလာခဲ့ရာ  အဆိုပါ ရေယာဉ်တင် သင်္ဘောကြီးသည် မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့သို့ ခန့်မှန်း မတ်လ (၈)ရက်နေ့ နံနက်ပိုင်းတွင် ရောက်ရှိမည်ဖြစ်ပါသည်။

Last Updated on Sun, 03/03/2019 - 21:52