ငြိမ်းချမ်းရေးတွဲလက်များ၏ ငြိမ်းချမ်းရေးခရီးစဉ် "ပြည်ကြီးတံခွန်(၄)" ရေယာဉ် ရန်ကုန်မြို့သို့ (၁၁.၁၂.၂၀၁၈) ရက်နေ့ (၀၉:၃၀)နာရီအချိန်တွင် ရောက်ရှိပြီး ငြိမ်းချမ်းရေး ရေယာဉ် ခရီးစဉ် ပြီးဆုံး။

ရန်ကုန် ဒီဇင်ဘာ ၁၁။

ငြိမ်းချမ်းရေးတွဲလက်များ၏ ငြိမ်းချမ်းရေးခရီးစဉ်ကို ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ ဧရာဝတီဌာနခွဲမှ "ပြည်ကြီးတံခွန်(၄)" ရေယာဉ်ဖြင့် မန္တလေးမြို့မှ ရန်ကုန်မြို့အထိ (၁၅.၁၁.၂၀၁၈) ရက်နေ့မှ (၁၁.၁၂.၂၀၁၈) ရက်နေ့ထိ ရက်ပေါင်း (၂၇)ရက်ကြာ ဧရာဝတီမြစ် ကြောင်းတစ်လျှောက် စုန်ဆင်း၍  ဆိပ်ကမ်းကြီးများတွင် ဆိုက်ကပ်ရပ်နားကာ ဆိုက်ကပ်ရာ ဆိပ်ကမ်းမြို့ကြီးများနှင့် အနီးအနားရှိ မြို့/ရွာများသို့ သွားရောက်၍ ငြိမ်းချမ်းရေး အထိမ်းအမှတ် ပိုစတာစိုက်ထူပွဲ အခမ်းအနားများ ကျင်းပခြင်း၊ ဟောပြောပွဲများ ပြုလုပ်ခြင်း၊ ငြိမ်းချမ်းရေးလက်မှတ် ကောက်ခံပွဲများ ပြုလုပ်ခြင်းနှင့် ငြိမ်းချမ်းရေးဂီတ ဖျော်ဖြေပွဲများ ပြုလုပ် လျှက်ရှိပါသည်။

"ပြည်ကြီးတံခွန်(၄)" ရေယာဉ်သည် (၁၆.၁၁.၂၀၁၈) ရက်နေ့၊ နံနက် (ဝ၈:၂၀) နာရီအချိန်တွင် မန္တလေးမြို့မှ စတင်ထွက်ခွာခဲ့ပြီး (၁၆.၁၁.၂၀၁၈) ရက်နေ့တွင် စစ်ကိုင်းမြို့၊ (၁၇.၁၁.၂၀၁၈) ရက်နေ့တွင် မြင်းမူမြို့၊ (၁၈.၁၁.၂၀၁၈) ရက်နေ့တွင် ဆီမီးခုံမြို့၊ (၁၉.၁၁.၂၀၁၈) ရက်နေ့တွင် ပခုက္ကူမြို့၊ (၂၀.၁၁.၂၀၁၈) ရက်နေ့တွင် ညောင်ဦးမြို့၊ (၂၁.၁၁.၂၀၁၈) ရက်နေ့တွင် ချောက်မြို့၊ (၂၂.၁၁.၂၀၁၈) ရက်နေ့တွင် စလေမြို့၊ (၂၃.၁၁.၂၀၁၈) ရက်နေ့တွင် ရေနံချောင်းမြို့၊ (၂၄.၁၁.၂၀၁၈) ရက်နေ့တွင် မကွေးမြို့ ၄င်းမှတစ်ဆင့် (၂၅.၁၁.၂၀၁၈) ရက်နေ့တွင် နတ်မောက်မြို့၊ (၂၆.၁၁.၂၀၁၈) ရက်နေ့တွင် မင်းလှမြို့၊ (၂၇.၁၁.၂၀၁၈) ရက်နေ့တွင် မီးချောင်းရဲမြို့၊ (၂၈.၁၁.၂၀၁၈) ရက်နေ့တွင် အောင်လံမြို့၊ (၂၉.၁၁.၂၀၁၈) ရက်နေ့တွင် သရက်မြို့၊ (၃၀.၁၁.၂၀၁၈) ရက်နေ့နှင့် (၁.၁၂.၂၀၁၈)ရက်နေ့တို့တွင် ပြည်မြို့၊ (၂.၁၂.၂၀၁၈) ရက်နေ့တွင် မြန်အောင်မြို့၊ (၃.၁၂.၂၀၁၈) ရက်နေ့တွင် ရွှေကျင်မြို့၊ (၄.၁၂.၂၀၁၈) ရက်နေ့တွင် ပျဉ်းကတိုးကျွန်း၊ (၅.၁၂.၂၀၁၈) ရက်နေ့တွင် ဟင်္သာတမြို့၊ (၆.၁၂.၂၀၁၈) ရက်နေ့တွင် ဇလွန်မြို့၊ (၇.၁၂.၂၀၁၈) ရက်နေ့တွင် ဓနုဖြူမြို့၊ (၈.၁၂.၂၀၁၈) ရက်နေ့တွင် ညောင်တုန်းမြို့၊ (၉.၁၂.၂၀၁၈) ရက်နေ့တွင် မအူပင်မြို့၊ (၁၀.၁၂.၂၀၁၈) ရက်နေ့တွင် တွံတေးမြို့ သို့ရောက်ရှိခဲ့ပြီး ငြိမ်းချမ်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

"ပြည်ကြီးတံခွန်(၄)" ရေယာဉ်သည်  (၁၀.၁၂.၂၀၁၈) ရက်နေ့၌ တွံတေးမြို့တွင် ညအိပ်ရပ်နားခဲ့ပြီး၊ (၁၁.၁၂.၂၀၁၈) ရက်နေ့ နံနက် (၀၆:၁၀)နာရီတွင် တွံတေးမြို့မှ ဆက်လက်ထွက်ခွာလာခဲ့ရာ ရန်ကုန်မြို့၊ ကျန်းမာရေးဆိပ်ကမ်းသို့ (၀၉:၃၀)နာရီတွင်ရောက်ရှိခဲ့ပြီး၊ ငြိမ်းချမ်းရေး ရေယာဉ် ခရီးစဉ် ပြီးဆုံးခဲ့ကြောင်း သိရသည်။

Last Updated on Tue, 12/11/2018 - 19:29