ပို့ဆောင်ရေးဝန်ကြီးဌာန ၊ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းအောင် ၊ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး လုပ်ငန်းများ တိုးတက်အောင်မြင် လာစေရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ခြင်းနှင့် ဝန်ထမ်းများအား တွေ့ဆုံ အမှာ စကားပြောကြားခြင်း။

ပို့ဆောင်ရေးဝန်ကြီးဌာန ၊ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းအောင် ၊ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး လုပ်ငန်းများ တိုးတက်အောင်မြင် လာစေရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ခြင်းနှင့် ဝန်ထမ်းများအား တွေ့ဆုံ အမှာစကား ပြောကြားခြင်း။

ရန်ကုန်၊ ဇန်နဝါရီလ (၂၃) ရက်

  • ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးလုပ်ငန်းများ တိုးတက်အောင်မြင် လာစေရေးအတွက်  လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီအချိန် ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းရှိ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၊ အစည်းအဝေး ခန်းမ၌ ကျင်းပရာ ပို့ဆောင်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းအောင် တက်ရောက်အမှာ စကားပြောကြားရာတွင် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးအား သမားရိုးကျ ရေကြောင်း သွားလာမှုဖြင့် ဝင်ငွေရှာရုံ သာမကပဲ ဥပဒေပါ ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် ဌာနရေရှည် ရပ်တည်နိုင်ပြီး အကျိုး စီးပွါးဖြစ်ထွန်း လာမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများသည် စိတ်အား ထက်သန်စွာဖြင့် တက်ကြွစွာ ဆောင်ရွက်ကြရန် လိုကြောင်း၊ ဝန်ထမ်း အချင်းချင်းလည်း စည်းလုံး ညီညွတ်စွာဖြင့် တက်ညီ လက်ညီဆောင် ရွက်ကြရန်ဖြစ်ကြောင်း ၊ရှေ့အနာဂတ်တွင် ဝန်ထမ်းများ၏ ရုပ်ပိုင်း၊ စိတ်ပိုင်း ဘဝများပါ တိုးတက်ဖြစ် ထွန်းလာမည်ဟု ယုံကြည် ပါကြောင်း ပြောကြား ခဲ့ပါသည်။
  • ယင်းနောက် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး လုပ်ငန်း ကြီးကြပ် မှုကော်မတီ အဖွဲ့ဝင်များမှ လုပ်ငန်း ကဏ္ဍ အလိုက်ဆောင် ရွက်နေမှု အ‌ခြေအနေ များအား လည်းကောင်း ၊ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဦးဆောင် ညွှန်ကြားရေးမှူး (ပူးတွဲ) ဦးမောင်မောင်လွင် မှ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၏ ဝင်ငွေနှင့် အသုံးစရိတ် အခြေအနေ များအား လည်းကောင်း ရှင်းလင်း တင်ပြကြရာ ပြည်ထောင်စု ဝန်ကြီး ဦးဉာဏ်ထွန်းအောင်မှ လိုအပ်သည်များ မှာကြားခဲ့ပါသည်။
  • ၄င်းနောက် ပြည်ထောင်စု ဝန်ကြီးသည် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ကွပ်ကဲခန်းမ တွင်ပြုလုပ်သည့် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဝန်ထမ်းများ နှင့်တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်၍ အမှာ စကားပြောကြား ပါသည်။ ထို့နောက် တွေ့ဆုံပွဲ သို့ တက်ရောက် လာကြသော ဝန်ထမ်းများမှ သိလိုသည် များအား မေးမြန်းကြရာ ပြည်ထောင်စု ဝန်ကြီး ဦးဉာဏ်ထွန်းအောင် မှပြန်လည် ရှင်းလင်းပြောကြားပြီး နိဂုံးချုပ် အမှာ စကားပြောကြား ကာတွေ့ဆုံပွဲ အခမ်းအနားကို ရုပ်သိမ်း လိုက်သည်။
  • အခမ်းအနား အပြီးတွင် ပြည်ထောင်စု ဝန်ကြီး သည် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးပြခန်းအား သွားရောက် ကြည့်ရှု့စစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ပါသည်။