“ကစ္ဆပနဒီ-၃” အမြန်ရေယာဉ်ကို စနစ်တကျ ကိုင်တွယ် မောင်းနှင်နိုင်ရန် ဂျပန်ပညာရှင်များက စာတွေ့ လက်တွေ့ သင်တန်းပို့ချလျက်ရှိ။

ရန်ကုန်၊ ၂၀၁၉ ခုနှစ်၊ မတ် ၁၃။

ဂျပန် နိုင်ငံအစိုးရ စီးပွားရေးနှင့်လူမှုရေးတိုးတက်ဖွံ့ဖြိုးရေးအစီအစဉ် The Economic and Social Development Programme FY 2016 အစီအစဉ်အရ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ ရခိုင်ဌာနခွဲတွင် အသုံးပြုရန်အတွက် ဂျပန်နိုင်ငံ ပြည်သူများက ပေးအပ် လှူဒါန်းသည့် ကမ်းရိုးတန်းသွား “ကစ္ဆပနဒီ-၃” အမြန်ရေယာဉ်အသစ်ကို ကျောက်ဖြူဆိပ်ကမ်းတွင်ဆိုက်ကပ်ရပ်နား၍ ဂျပန်နိုင်ငံမှ ကျွမ်းကျင် အင်္ဂျင်နီယာ များက ရေယာဉ်တွင် လိုအပ်သည့် ပစ္စည်းများ တပ်ဆင်ခြင်း လုပ်ငန်းကို မတ်လ (၉)ရက်နေ့မှ (၁၁)ရက်နေ့ အထိ ဆောင်ရွက်ခဲ့ပြီး၊ မတ်လ (၁၂)ရက်နေ့တွင် စမ်းသပ် မောင်းနှင်ခြင်း ပြုလုပ်ပြီးနောက် ပြည်တွင်း ရေကြောင်းပို့ဆောင်ရေးသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ “ကစ္ဆပနဒီ(၃)” ရေယာဉ်တွင် တာဝန်ထမ်းဆောင်ကြမည့် ရေယာဉ်ဝန်ထမ်းများကို ရေယာဉ်စနစ်တကျမောင်းနှင်နိုင်ရန် ရက်တိုသင်တန်းကို ဂျပန်ပညာရှင်များက ကျောက်ဖြူမြို့ဆိပ်ကမ်း တွင် ဆိုက်ကပ်ထားသည့် “ကစ္ဆပနဒီ(၃)” ရေယာဉ်ပေါ်တွင် မတ်လ (၁၃)ရက်နေ့ (၀၉၀၀)နာရီမှစတင်၍ စာတွေ့၊ လက်တွေ့ ပို့ချလျက်ရှိရာ (၁၇)ရက်နေ့တွင် သင်တန်း ပြီးဆုံးမည်ဖြစ်ကြောင်း သိရသည်။

Last Updated on Wed, 04/10/2019 - 16:01