“ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ဝန်ထမ်း မိသားစုများ၏ ဧကဒသမ အကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ် လှူဒါန်းပွဲကျင်းပ”

“ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ဝန်ထမ်း မိသားစုများ၏ ဧကဒသမ အကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ် လှူဒါန်းပွဲကျင်းပ”

ရန်ကုန် နိုဝင်ဘာ ၁၄

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် နှင့်ဇနီး ဒေါက်တာ ဒေါ်ခင်သန်းအေး တို့အား အမှူးထား၍ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ဝန်ထမ်း မိသားစုများ၏ ဧကဒသမ အကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ် လှူဒါန်းပွဲ အခမ်းအနားကို ၁၃၈၀ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း (၇)ရက်၊ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက် (ဗုဒ္ဓဟူးနေ့) နံနက် (ဝ၉:၃၀)နာရီအချိန်တွင် ရန်ကုန်တိုင်း ဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းလမ်း၊ အမှတ် (၅၀)၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး (ရုံးချုပ်)၊ ကွပ်ကဲခန်းမတွင် ကျင်းပပြုလုပ်ပါသည်။

အဆိုပါ အခမ်းအနားသို့ သင်္ဃန်းကျွန်းမြို့နယ်၊ မင်္ဂလာဝိစိတ္တာရာမ (မွန်)ကျောင်းတိုက် ဆရာတော် သာသနနုဂ္ဂဟဓမ္မာစရိယ၊ သာသနဟိတကာရီဓမ္မာစရိယ ဒေါက်တာ အရှင်ပညာသီရိ (မေတ္တာရှင်-ကြယ်တစ်ပွင့်) အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဇော်ဝင်း၊ အထွေထွေမန်နေဂျာ ဦးဌေးအောင်၊ ဌာမှူးများ၊ ဌာနခွဲမှူးများနှင့် ၄င်းတို့၏ဇနီးများ၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက် ကြည်ညိုကြပါသည်။

 

 

 

Last Updated on Wed, 12/12/2018 - 11:46